FPI အကြမ်းဖက်သမားများ
နိုင်ငံအတွင်း၌ နောက်လိုက်အရေအတွက်နည်းသောအုပ်စုများအား တိုက်ခိုက်လျက်ရှိသည်ဆို သည့်အချက်အား သက်သေပြမီးမောင်းထိုးလိုက်ပေပြီ။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအနောက် ဘက်၊ တာဆိက်မာလာယာ၊ ဘာဘာကန်ဆင်ဒန်ကျေးရွာရှိ အဟ်မဒီယာဟ်မွတ်စလင်မ်များ၏ ဗလီ၀တ်ကျောင်းတော်အား ယနေ့နံနက်ပိုင်း သောကြာ၀တ်ပြုမှုမတိုင်မီ ရာနှင့်ချီသောလူများက တိုက်ခိုက်ခဲ့ကြသည်။
အဟ်မဒီတစ်ဦးဖြစ်သူ အန်ဒါဂျူအန်ဒါ၏အဆိုအရသိရသည်မှာ မနက် ၉ နာရီခန့်တွင် ဗလီပတ် ပတ်လည်၌ ဒါဇင်ပေါင်းများစွာရှိသည့်လူအများစုဝေးနေကြပြီး ၄င်းတို့သည် အဖြူနှင့်အစိမ်း ရောင်များ၀တ်ဆင်ထားကြကာ Islamic Defenders Front (FPI) အလံများကိုလည်း ကိုင်ဆောင်ထားကြသည်။ "ပထမတော့သူတို့တွေ အော်နေကြတာပဲ၊ နောက်မိနစ်နည်းနည်း ကြာတော့ ကျောက်တုံးတွေနဲ့ပစ်ပေါက်ပြီး ဗလီထဲကို ချိုးဖျက်၀င်လာကြတယ်" ဟု အန်ဒါက ယနေ့သောကြာ နေ့တွင်...