Monday, July 16, 2012

ဥပုသ်သီလတည်ဆောက်ခြင်းသမိုင်း (အပိုင်း ၁)




အို-မုအ်မင်န်ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အသျှင်မြတ် သည် အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ်သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်း ဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။ (အလ်ကုရ်အာန် ၂:၁၈၄)


အထက်ပါ မုက္ခပါတ်တော်နှင့်စပ်လျဉ်း၍ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ စတုတ္ထမြောက် ခလီဖတုလ် မဆီဟ် ဟာဇရသ်မီရ်ဇာသာဟီရ်အဟ်မဒ်(ရ.ဟ)သခင်က ၁၉၈၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ သောကြာခွဒ်ဘာတွင် အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

“ အသင်တို့အလျင် ” ဟူသောစကားလုံးမှာ ဥပုသ်သီလဟုပြဠာန်းထားခြင်းမရှိသော သာသနာမရှိ ကြောင်း ရည်ညွှန်းပေသည်။ သာသနာတိုင်းတွင် ဥပုသ်သီလတည်ဆောက်ခြင်းရှိကြောင်းကို သမိုင်း ကြောင်းဆိုင်ရာအချက် များတွင်လေ့လာမှတ်သားနိုင်သည်။ ထို့ကြောင့်လည်း ဗြိတိသျှစွယ်စုံကျမ်းက ကမ္ဘာဘာသာသာသနာတိုင်းတွင် ဥပုသ်သီလကိုပြဠာန်းထားကြောင်းဖော်ပြသည်။ ကမ္ဘာ့သာသနာ များအားလုံးတွင် ဥပုသ်ဆောက်တည်ရန်ပြဠာန်း မထား သည့် သာသနာတစ်ခုမျှမရှိချေ။ ယခုခေတ် အခါသမယတွင်မူ သမိုင်းကြောင်းဆိုင်ရာ အချက်အလက် အတိအကျများကို လေ့လာသိရှိနိုင်ရန် လွယ်ကူသော်လည်း တမန်တော်မြတ်ကြီး (ဆွ)ထံတော်ပါးသို့ အထက်ဖော်ပြ ပါ မုက္ခပါတ် တော်ကျရောက်စဉ်ကမူ ကိုယ်တော်သည် ရှေးဦးကမ္ဘာ့သာသနာကြီးများ၏မည်သည့်အချက်အလက် သတင်းကိုမှ လေ့လာဖူးခြင်းမရှိကြောင်း သိရှိကြပေသည်။ ထို့ကြောင့်ကျွန်ုပ်တို့မွတ်စလင်မ်များ သည် ဤမျှကြီးကျယ်သောတမန်တော်၊ ဤမျှကြီးကျယ်သောကျမး်စာတော်ကို ရရှိထားခြင်းဖြစ် သည့်အလျောက် ယခုခေတ်အခါတွင်မှာမှ သက်သေပြလာနိုင်သည့် ‘ကမ္ဘာပေါ်တွင် ဥပုသ်ဆောက် တည်ရန်ပြဠာန်းခြင်းမရှိသော သာသနာသည်မရှိ’ ဆိုသည့် ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်ကို ရှေးနှစ် ပေါင်းမြောက်မြားစွာကတည်းက ကျမး်မြတ်ကုရ်အာန်က ဖော်ပြနေသည်မှာ ရှင်းလင်းထင်ရှားသော သက်သေတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ယနေ့အချိန်တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ အလျင်က လင်းပြပြီးသည့် အကြောင်းအရာတစ်ခုကို ပြန်လည်ဖော်ပြထုတ်ရှာဖွေပြသည့် သူမှာကား အဆင့် တစ်ခုကိုသာ ထိုက်တန်နေပေသည်။

ဗြိတိသျှစွယ်စုံကျမ်း၊ (၁၁) ကြိမ်မြောက် (Encyclopedia Britannica 11th edition, 1911) ထုတ်ဝေမှုအရ သိရှိရသည်မှာ စွယ်စုံကျမ်း၏ ဥပုသ်ကဏ္ဍတွင် ‘‘ ဥပုသ်သီလသည် စိတ်ပိုင်းဆိုင်ရာ နှင့် သာသနာရေးပိုင်းဆိုင်ရာ ကဏ္ဍတစ်ခုဖြစ်သည့်အလျောက် ပညတ်ချက်တစ်ခုအဖြစ်ပြဠာန်း ထားသည့် အထူးတာဝန်တစ်ရပ်ဖြစ်သည်။ ထို့အတူ ဥပုသ်ဆောက်တည်ခြင်း ပုံစံများလည်း အမျိုးမျိုးအဖုံဖုံပင်။ ဥပုသ်တည်ဆောက်ခြင်းနည်းလမ်း များနှင့် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များ သည်လည်း ရာသီဥတုအလိုက်၊ လူမျိုးများအလိုက်၊ လူနေမှုစနစ်များအလိုက် သို့မဟုတ် အခြားအ ကြောင်းအမျိုးမျိုးအလိုက် သိသာစွာကွဲပြားလေသည်။ ထို့ကြောင့် သာသနာတစ်ခုခြင်းစီလိုက်၍ ဥပုသ်တည်ဆောက်ခြင်းပုံစံများ၊ ဖော်ပြချက်များကို လေ့လာရန်မှာ ခဲယဉ်းလှပေသည်။’’

Wikipedia အရ သိရှိရသည်မှာ “ သမိုင်းစတင်ပေါ်ပေါက်စဉ်ကပင် သာသနာရေးနှင့် ဝိညာဉ် ရေးရာ အခြေအနေများအတွက် ဥပုသ်တည်ဆောက်ခြင်းသည် လူသားအလေ့အထများ၏ အစိတ်အပိုင်း တစ်ခုဖြစ်လေသည်။ ဥပုသ်တည်ဆောက်ခြင်းကို ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်း၊ ကုရ်အာန်ကျမ်း၊ မဟာဘာရတ နှင့် ဥပနိသျှကျမ်းများတွင် ပြဠာန်းထားလေသည်။ ဥပုသ်တည်ဆောက်ခြင်းကို အခြား သာသနာများတွင်လည်း ၀ိညဉ်ရေးဆိုင်ရာဆောင်ရွက်ဖွယ်အနေဖြင့်လည်းကောင်း သာသနာ့ရေး ရာ အစဉ်အလာအနေဖြင့်လည်းကောင်း ပြဠာန်းထားသည်။”

ယနေ့ခေတ်ပေါ် ဗြိတိသျှစွယ်စုံကျမ်းတွင် -

ဥပုသ်သီလတည်ဆောက်ခြင်းသည် ရှေးအတိတ်ကာလကတည်းက ကမ္ဘာ့သာသနာအများအပြား၏ သာသနာတည်ထောင်သူများနှင့်နောက်လိုက်နောက်ပါများကျင့်သုံးလိုက်နာခဲ့သည့်နည်းနာဖြစ်သည်။

ရှေးအတိတ်ကာလ လူများသည် ဥပုသ်သီလတည်ဆောက်ခြင်းအား လူတို့အဖို့ ကောင်းမှုပြုခြင်း ဆီသို့ ဦးတည်ရာအဖြစ် ကျင့်သုံးမှတ်ယူခဲ့ကြသည်။ ရှေးခေတ် ဟီလန်နစ္စတစ် ၊ ခေါမဒဏ္ဍာရီလာ သာသနာများ (ဥပမာ - ဂရိနတ်ဘုရားများအားကိုးကွယ်ခြင်း) တွင် ရည်ရွယ်ရည်စူး ချက်ပြင်းထန်သည့် ဥပုသ်ဆောက်တည်ခြင်းဖြင့် ဆောက်တည်သူအား နတ်ဘုရားများက အိပ်မက် များနှင့် စက္ခုအာရုံများတွင် ကောင်းမှုပြုခြင်းအစဉ်အလာများကို သင်ကြားပေးကြောင်း ထင်မြင်ယူဆ ကြပေသည်။ ပီရူးနိုင်ငံရှိ ကိုလံဘီယန်းအနွယ်ဝင်များတွင် အပြစ်ကျုးလွန်မိသူသည် မိမိကျူးလွန် မိသောအပြစ်အား ဘုန်းကြီးရှေ့တွင် ၀န်ခံပြီးနောက် ဥပုသ်ဆောက်တည်ရသည့် အစဉ်အလာရှိ ခဲ့သည်။

မြောက်အမေရိကအလယ်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာအနောက်တောင်ဘက််ရှိ လူနီအိန္ဒိယန်းများတွင် လည်းကောင်း ၊ အီဗန်ကီးယား (Evenkai) ဟုတွင်သည့် ယခင်ရုရှနိုင်ငံ ဆာဗီးယားဒေသနေ တွန်ဂုစ်(Tungus) လူမျိုးများတွင်လည်းကောင်း ဥပုသ်ဆောက်တည်သည့် အလေ့အထရှိခဲ့ကြသည်။ ပွီဘလို (Pueblo) ဟုတွင်သည့် အမေရိကတိုက်သားများသည်လည်း ရာသီဥတုပြောင်း လဲခြင်း နှင့်ဆိုင်သည့် အဓိကအရေးပါသော ရာသီပွဲတော်များမတိုင်မီ ဥပုသ်တည်ဆောက်သည့် အစဉ်အလာ ရှိခဲ့သည်။ မြင့်မြတ်သည့် အချိန်အခါသမယ အကြိုအဖြစ်လည်းကောင်း ၊ အခြားထူးခြားသည့် အကြောင်းခြင်းရာများကြောင့်လည်းကောင်း ဥပုသ်ဆောက်တည်ကြခြင်းမှာ ကမ္ဘာ့ဘာသာသာသနာ များတွင် ဝိသေသလက္ခဏာအဖြစ်ရပ်တည်ခဲ့သည်။ ဂျိန်းဝါဒတွင် ဥပုသ်တည်ဆောက်ခြင်းဖြင့် လောကီနှင့်အဆက်အသွယ်ပြတ်တောက်ကာ စျန်အဘိဉာဏ်ကိုရကြောင်းဖြင့် သတ်မှတ်ပြဠာန်းထား သည်။ ဗုဒ္ဓဘာသာတွင်လည်း ထေရဝါဒဘုန်းကြီးများသည် လတစ်လ၏ အချို့သော ဥပေါသထနေ့ များတွင် ဥပုသ်ဆောက်တည်ကြသည်။ ၁၉၄၉ မတိုင်မီအလျင်က တရုတ်နိုင်ငံတွင်လည်း ဆောင်း ဥတုများ၌ ဥပုသ်ဆောက်တည်သည့် အစဉ်အလာရှိခဲ့ဖူးသည်။ အိန္ဒိယ ဆာဒူးများကမူ အမျိုးမျိုးသော အကြောင်းများဖြင့် ဥပုသ်တည်ဆောက်ခြင်း မကြာခဏပြုလုပ်ကြသည်။

အနောက်တိုင်းနိုင်ငံများတွင်ထွနး်ကားသည့် သာသနာများထဲမှ ဇိုရိုအေစတာ သာသနာမှလွဲ၍ ဂျူး ၊ ခရစ်ယာန်နှင့် အစ္စလာမ်သာသနာများတွင် အချိန်ကာလအလိုက် ဥပုသ်တည်ဆောက်မှု ပြဠာန်းချက် များရှိလေသည်။

ဂျူးဝါဒတွင် မိမိတို့၏အပြစ်များအတွက် နောင်တရရှိခြင်းအထိမ်းအမှတ်နေ့များ (ဥပမာ - ရောမ်ကိ ပ္ပူးရ် ခေါ် ဘုရားနှင့် လူတို့အကြားဆက်သွယ်သည့် နေ့) တွင်အထူးသဖြင့် ဥပုသ်ဆောက်တည်ကြ၍ နှစ်စဉ် နေ့အချို့တွင်လည်း ဥပုသ်ဆောက်တည်ကြသည်။ ခရစ်ယာန်သာသနာတွင်မူ (အထူးသဖြင့် ရိုမန်ကက်သလစ်များနှင့် အရှေ့တိုင်းအော်သိုဒေါစ်များ) အီစတာမတိုင်မီ အပြစ်များမှ နောင်တရ ခြင်းအထိမ်းအမှတ် ရက် ၄၀ ဥပုသ်ဆောက်တည်ခြင်းပြုကြလေသည်။ ယင်းကို လန်းထ် (Lent) ဟုခေါ်သည်။ ထိုသို့ပင် ခရစ်စမတ်မတိုင်ခင် အပြစ်များမှနောင်တရခြင်း အထိမ်းအမှတ် ဥပုသ်တည်ဆောက်ခြင်းနေ့ရက်များကို အက်ဒဗန့် (Advent) ဟုခေါ်သည်။

၁၉၆၂ - ၆၅ အတွင်း ကျင်းပခဲ့သည့် ဗာတီကန်ကောင်စီမှစတင်၍ ရိုမန်ကက်သလစ်ဘာသာဝင်များ တွင် ဥပုသ်ဆောက်တည်ခြင်းကို ပုံစံသစ်ဖြင့် ဖြည့်ဆီးကြသည်။ သို့ဖြင့် တသီးပုဂ္ဂလ စိတ်ကြိုက်ပုံစံ အတိုင်း ဥပုသ်တည်ဆောက်နိုင်ကြစေရန်ဖြစ်သည်။ သို့သော် လန်းထ် (Lent) ဥပုသ်ဆောက်တည် ခြင်း အရက် ၄၀ ရှိ ပထမဆုံးရက်နှင့် လန်းထ် (Lent) ဥပုသ်ဆောက်တည်ခြင်း အရက် ၄၀ အတွင်း Good Friday တို့တွင်မူ မဖြစ်မနေဥပုသ်ဆောက်တည်ရန်ပြဠာန်းထားလေသည်။ ပရိုတက်စတင့် များကမူ ယေဘုယျအားဖြင့် မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ စိတ်ကြိုက်ဥပုသ်စောင့်ကြရန် ပြဠာန်း သည်။

ရမ်ဇာန်လသည် မွတ်စလင်များအဖို့ အပြစ်များမှ နောင်တရရှိခြင်းအမှတ်ဖြင့် အရုဏ်တက်မှ နေစ ဝင်သည်အထိကာလအပိုင်းအခြားများတွင် ဥပုသ်ဆောက်တည်ရန်ပြဠာန်းသည်။

("fasting." Encyclopædia Britannica. 2008. Encyclopædia Britannica Online. 22 Aug. 2008 )

ထို့ကြောင့် ဗြိတိသျှစွယ်စုံကျမ်းက အမေရိကတိုက်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေထိုင်ကြ သော တိုင်းရင်းသားများအပါအဝင် ကမ္ဘာ့သာသနာအများအပြားသည် ဥပုသ်သီလတည်ဆောက်ခြင်း ကို ပြုလုပ်ဆောင်ရွက်ကြကြောင်းဖော်ပြသည်။ ထို့ပြင် ဇိုရိုအေစတာ ဘာသာသည် ဥပုသ်ဆောက် တည်ခြင်းကို သတ်မှတ်ထားခြင်းမရှိသည့် သာသနာဖြစ်ကြောင်းကိုလည်း ဖော်ပြသည်။ သို့သော် ဗြိတိသျှစွယ်စုံကျမ်း၏ ဇိုရိုအေစတာဘာသာနှင့်ပတ်သက်၍ ဖော်ပြချက်တွင် အမှားအယွင်းတစ်စုံ တစ်ရာရှိနိုင်ကောင်းရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် အာရှဆိုင်ရာ ဘုံဘေအဖွဲ့အစည်း (Asiatic Society of Bombay)၏ ရာပြည့်အထိမ်းအမှတ်ဂျာနယ် တွင် အာရှဆိုင်ရာဘုံဘေအဖွဲ့ အစည်း၊ ဗြိတိသျှနိုင်ငံ၏ အာရှဆိုင်ရာ တော်ဝင်အဖွဲ့အစည်း နှင့် အိုင်ယာလန် ဘုံဘေအဖွဲ့ခွဲတို့ ပေါင်းစုဖော်ပြခဲ့သည်မှာ “ ဒီဆာတီးရ်(Desatir) ခေါ် ဇိုရိုအေစတာ သာသနာနှင့် ဆက်နွယ်သည့် စာအုပ်တစ်အုပ်တွင် ဥပုသ်ဆောက်တည်ခြင်းအား ကောင်းမြတ်သော ကျင့်စဉ်တစ်ခုအဖြစ်ဖော်ပြ ထားသည် ” ဟူ၍ပင်။ (http://books.google.com.sg/books?id=7qIIAAAAQAAJ&printsec=front...)

Wiki အရ သိရှိရသည်မှာ ဒီဆာတီးရ်(Desatir) သည် ဇိုရိုအေစတာဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်း ပါရှန်းစာအုပ်ဖြစ်ကြောင်း ၊ ထိုစာအုပ်တွင် အစဉ်လိုက်ပွင့်ပေါ်သော တမန်တော် ၁၅ ပါးထံ ဗျာဒိတ်ပေးခြင်းခံရသည့် ကျမ်းချက် ၁၅ ခန်းပါရှိကြောင်း ၊ တမန်တော်များထဲမှ ပထမဆုံးတမန်တော်မှာ မဟာဘတ်ဖြစ်ပြီး နောက်ဆုံးမှာ ဆစန်ဖြစ်ကြောင်း၊ နောက်ဆုံးတမန် တော်၏ အခန်းတွင်မှလွဲ၍ တမန်တော်တစ်ပါးစီ၏ အခန်းကဏ္ဍတိုင်းတွင် အဆုံး၌ နောက်ထပ်ပွင့် မည့်တမန်တော်ကို တင်ကြိုဗျာဒိတ်ပေးထား ကြောင်း ၊ ယင်းစာအုပ်သည် ဒဘစ္စတန်နေ မဇာဟဘ်(Dabestān-e Mazāheb)စာအုပ်၏ လွှမ်းမိုးမှုခံထားရသည်ဟု ထင်မြင်ကြကြောင်း စသည်တို့ပင်။ ထိုသည်သာမက ယင်းစာအုပ်၏ ရှေးဟောင်း ဒါရီ (Dari) အသံထွက်ဖြင့် ပါရှန်းဘာသာပြန်ကို ၁၉ရာစုအစပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ ထိုစာအုပ်ကို ဘုံဘေမြို့မှ မုလ္လဖေရွတ်ဇ်က တည်းဖြတ်ခဲ့ကြောင်း သိရှိရသည်။ ဒါရီအသံထွက်ဖြင့်စာအုပ်ကို အေဒီ ၅၉၀ - ၆၂၈ တွင် အုပ်စိုးခဲ့သည့် ခိုစရု - ၂ (Khosrau II) လက်ထက်တွင် ပြုစုခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပညာရှင်အမျိုးမျိုး၏ ထင်မြင်ယူဆမှုများအရ ယင်းစာအုပ်သည် မဂိုဘုရင် အက္ကဘရ်လက်ထက် အဇာကေဗန် (Azar Kayvan) ၏ လက်ရာအဖြစ်ထင်မြင်ယူဆ ချက်များရှိကြောင်းလည်း သိရှိရသည်။

ဇိုရိုအေစတာများသည် အိန္ဒိယနှင့် အီရန်တို့၌ အလျင်အမြန်ပပျောက်သွားခဲ့သဖြင့် ထိုသာသနာ၏ ဖော်ပြချက်ကျမ်းစာများကို ပိုမိုစေ့ငုစွာလေ့လာရန် ထိုက်တန်ပေသည်။ အဟ်မဒီယာမွတ်စလင်များ၏ ယုံကြည်ချက််အရမူ ရှေးဘာသာသာသနာအားလုံးမှာ တစ်ပါးတည်းသော ဘုရားရှင်ထံတော်မှ လာသည်ချည်းဖြစ်သဖြင့် ထိုဘာသာသာသနာအားလုံး၏ တူညီသောအရင်းအမြစ်ကို ဆန်းစစ်နိုင် သည့်အလျောက် ယနေ့ကမ္ဘာပေါ်ရှိသာသနာအားလုံးတွင် ဥပုသ်သီလတည်ဆောက်ခြင်း ကိုပြဠာန်း ထားကြောင်းကိုလည်း သံသယကင်းစွာ ယုံကြည်မှတ်ပိုက်အပ်ပေသည်။



ဒေါက်တာ ဇီယာ၊ အိပ်ခ်ျ ရှား၏ Religious History of fasting ကို မြန်မာပြန်ပါသည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-